နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုမြို့ သန့်ရှင်းသပ်ရပ်လှပလာစေပြီး ခရီးသွားများအား ပိုမိုစွဲဆောင်နိုင်သည့် မြို့ပြတစ်ခုဖြစ်လာစေရေး ကွင်းဆင်းစစ်ဆေး   ​​​​​​​ပူတာအို         စက်တင်ဘာ ၁၇

Sunday, September 17, 2023 - 16:30

          မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေး အတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီက ပူတာအိုမြို့ လေဆိပ်မှ မြို့ဝင်လမ်းတစ်လျှောက် သန့်ရှင်း သာယာလှပရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့်အတူ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မိုးစပါးစံပြစိုက် ကွင်းဘေး လမ်းဘေးဝဲ/ ယာတစ်လျှောက် စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များ ခြံခတ်စိုက်ပျိုး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဘေးဝဲ/ယာရှိ သစ်ပင်ခြုံနွယ်များ ရှင်းလင်းဆောင် ရွက်ရေးမှာကြားသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လုံးစွတ်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်ခြင်းဆက်နေရာရှိ ပြည်ထောင်စုလမ်းမဘေး၌ စည်ပင် သာယာရေးအဖွဲ့မှ မြေယာရှုခင်းပြုပြင်၍ Welcome to Putao စာလုံးပုံဖော်၍ အလှတပ်ဆင် ဆောင်ရွက်ထားရှိမှုကို သစ်လွင်တောက်ပသည့်ဆေးရောင်ခြယ်သနိုင်ရေးနှင့်လမ်းဘေးတစ်လျှောက် စိုက်ပျိုးထားသည့် စက္ကူပန်းပင်များ ရှင်သန်ဖြစ်ထွန်းစေရန် ပြုစုပျိုးထောင်သွားနိုင်ရေး တာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပူတာအိုလေဆိပ်အဝင် ဆိုင်းဘုတ်နေရာ၌ လမ်းဘေးဝဲ/ယာသန့်ရှင်းသာယာ လှပရေး၊ အလှပန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် လေဆိပ်ဝင်းအတွင်း ပန်းအလှပင်များ ပုံဖော် စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး “ပူတာအိုမြို့မှ ကြိုဆိုပါ၏” ဆိုင်းဘုတ်အား အသစ်ပြုပြင်ဆောင်ရွက်နိုင်ရေး၊ လေဆိပ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းရေး သာယာလှပလာစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လေယာဉ်ကွင်းရပ်ကွက်အတွင်း လမ်းဆုံနေရာ၌ မြို့ဝင်ရုပ်ထုပန်းခြံဆောင်ရွက်ထားရှိမှုနှင့် လမ်းမ ကြီးတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က ပူတာအိုဒေသသည် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ရေခဲတောင် ရှိရာဒေသဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာနိုင်မည်ဖြစ်သဖြင့် မြို့ပြသန့်ရှင်းသာယာလှရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ခရီးသွားများအား စွဲဆောင်ရာတွင် ဒေသခံတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပြသသွားရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် လုံးစွတ်ရပ်ကွက်အတွင်းရှိ နမ်ထွမ်ချောင်းတံတားမှ တစ်ဆင့် ချောင်းရေ စီးဆင်း မှုအခြေအနေအားလည်းကောင်း၊  ကောင်ကထောင်ရပ်ကွက်အတွင်း လမ်းဘေး ဝဲ/ယာ တစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပူတာအို အခြေချစစ်ဗျူဟာ တပ်နယ်အတွင်းရှိ တပ်ထောက် စေတီတော်  တည်ထားကိုးကွယ်ထားရှိမှုအား လှည့်လည်ကြည်ညိုခဲ့ကြကြောင်း သိရှိရသည်။