ညောင်လေးပင်မြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ မေ - ၉

Sunday, May 9, 2021 - 16:45

ညောင်လေးပင်မြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၉

         ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း မေ ၈ ရက်ညပိုင်း တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပိန်းဇလုပ်မြို့၊ အင်းကြီးကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ဒလဆိပ်ကျေးရွာနှင့် ကံကလေးကျေးရွာများမှ စာသင်ကျောင်းများနှင့် နေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲမှုများဖြစ်ပေါ်ခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ညောင်လေးပင်တပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆိုပါ ကျေးရွာ များရှိ နေအိမ် ၅၃ လုံး၊ စာသင်ကျောင်း(၂)ကျောင်းနှင့် ကြက်ခြံတို့ကို နယ်မြေခံ တပ်မတာ်သားများက အမိုးများပြန်လည်ပြုပြင်ပေးခြင်း၊ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းခြင်းနှင့် နေအိမ်ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ညောင်လေးပင်တပ်နယ်မှ တာဝန်ရှိသူ များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးပြီး လေဘေးသင့်ပြည်သူ များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။