(၆၇)နှစ်မြောက် မြန်မာ-ဖိလစ်ပိုင် ချစ်ကြည်ရေးအထိမ်းအမှတ်၊ နှစ်နိုင်ငံ အနုပညာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ရိုက်ကူးတင်ဆက်သည့် "ချစ်လှစွာသော" မြန်မာရုပ်သံ ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ် အမရပူရခန်းမ၌ ကျင်းပသည်။
အဆိုပါ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံး တာဝန်ခံ Mr. Enrique Voltalre Plngol၊ ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းမှ တာဝန်ရှိသူများ၊ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထား ကြသည့် အနုပညာ ရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာပေနှင့် စာနယ်ဇင်းများမှ ဖိတ်ကြား ထားသူများ တက်ရောက်သည်။
ရှေးဦးစွာ(၆၇)နှစ်မြောက် မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသပြီး မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးတာဝန်ခံ၏ ဂုဏ်ပြု နှုတ် ခွန်းဆက် Video Message ကို ဆက်လက်ဖွင့်လှစ် ပြသသည်။
ထို့နောက် အခမ်းအနားမှူးက ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပြသရခြင်းနှင့် ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး ယင်းရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားကြသည့် အနုပညာရှင် များနှင့် မိတ်ဆက်ပေးကာ ထုတ်လုပ်သူ မခွန်မိုင်အောင်က အမှတ်တရစကား ပြောကြားသည်။
ယင်းနောက် ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားကြသည့် အနုပညာရှင် အတတ် ပညာရှင်များအား မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ တာဝန်ခံ Charge D' Affairs Mr. Enrique Voltaire Pingolက အမှတ်တရပန်းစည်းများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ "ချစ်လှစွာသော" ရုပ်သံဇာတ်လမ်းတွဲမှ ပြကွက်များကိုထုတ်နုတ်ပြသပြီး နောက် ဒါရိုက်တာ အိအိခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းက တက်ရောက်လာကြသည့် ရုပ်ရှင်၊ ရုပ်သံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။
အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာအိအိခိုင်က ဖန်တီးပုံဖော်ထားပြီး လူတစ်ဦးနှင့် တစ်ဦးကြား မေတ္တာတရားကို အခြေခံရိုက်ကူးထားကာ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်၊ စည်သူဝင်း၊ ဝင့်ယမုံနိုင်၊ မေဆူးမောင်နှင့် အနုပညာရှင်များစွာ ပါဝင်၍ အပိုင်း(၇၈)ပိုင်းဖြင့် MRTV - 4 ရုပ်သံလိုင်းမှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှစ၍ အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ ညစဉ် ၇ နာရီတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်းသိရသည်။