ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၄၂ / ၂၀၂၃ ) ၁၃၈၅ ခုနှစ် ၊ တော်သလင်းလဆန်း  ၁  ရက် ( ၂၀၂၃ ခုနှစ် ၊  စက်တင်ဘာလ  ၁၅  ရက် ) အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်

Friday, September 15, 2023 - 16:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၄၂ / ၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ တော်သလင်းလဆန်း  ၁  ရက်

( ၂၀၂၃ ခုနှစ် ၊  စက်တင်ဘာလ  ၁၅  ရက် )

အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒီဇင်ဘာအိမ်ရာ၊ ချယ်ရီ(၁)လမ်း၊ အခန်းအမှတ် (၃၀၂)၊ တိုက်အမှတ် (၁၁၉) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အမျိုးသား နိုင်ငံရေးအားမာန်သစ်ပါတီကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

              အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၃၇) ဖြစ်ပါသည်။

 

                                     

( ပုံ ) သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်