ရှေ့တန်းရောက် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်း နေပြည်တော်၊ မေ - ၉

Sunday, May 9, 2021 - 16:45

ရှေ့တန်းရောက် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ - ၉

         နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် မန္တလေးမြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များ၊ ပြည်သူ များနှင့် အသင်းအဖွဲ့များက ယနေ့နေ့လယ်ပိုင်းတွင် ချီးမြှင့်ငွေများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်ကြီးအောင် ဧည့်ရိပ် သာ၌ လာရောက်ပေးအပ်လှူဒါန်းကြသည်။

         ဦးစွာ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၅၀ နှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။