ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အား COVID-19 ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ မေ - ၉
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အားCOVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် RDT(Test Kit) ၂၀၀၀ ခုနှင့် Mask ၄၀၀၀ ခုတို့ ကိုပေးအပ်လှူဒါန်းရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။