ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြားနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်နှင့်ဒေသန္တရရွေးကောက်ပွဲလေ့လာရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ရုရှား

Wednesday, September 6, 2023 - 16:00

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြားနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်နှင့်ဒေသန္တရရွေးကောက်ပွဲလေ့လာရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ရုရှားနိုင်ငံသို့ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဖိတ်ကြားလာမှုအရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒေသန္တရ ရွေးကောက်ပွဲသို့ လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ၊ အဖွဲ့ဝင် ဦးအောင်စောဝင်း နှင့် ညွှန်ကြားရေးမှူး ဦးဇော်နောင်လတ် တို့သည် ယနေ့ညနေ (၁၆:၂၅) အချိန်တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဌေးအောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက် ကြသည်။

              ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်၍ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း၊ ဒေသန္တရရွေးကောက်ပွဲသို့ သွားရောက်လေ့လာခြင်းအားဖြင့် နှစ်နိုင်ငံအကြား ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်မည်ဖြစ်ပြီး ရုရှားနိုင်ငံ၏ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲကျင်းပပုံ လုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်း လုပ်ငန်းစဉ် များကို လေ့လာသိရှိနိုင်မည်ဖြစ်၍ ခရီးစဉ်သည် (၆-၉-၂၀၂၃) ရက်နေ့မှ (၁၂-၉-၂၀၂၃) ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။