စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့် ရန်ပြုပစ်ခတ်တိုက်ခိုက်ရာ လက်အတွင်းပေါက်ကွဲမှုဖြစ်ပွားရာမှ အကြမ်းဖက်သူအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ၊ ၁ ဦးသေဆုံး

Sunday, May 9, 2021 - 15:30

 

နေပြည်တော်၊ မေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့် ရန်ပြုပစ်ခတ်တိုက်ခိုက်ရာ လက်အတွင်းပေါက်ကွဲမှုဖြစ်ပွားရာမှ အကြမ်းဖက်သူအမျိုးသား ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆူပူအကြမ်းဖက်သူ   ဦးသေဆုံးခဲ့ကြောင်း

သိရသည်။

            ဖြစ်စဉ်မှာ ယနေ့နံနက် နာရီခွဲအချိန်တွင် မြင်းမူမြို့၊ မာဃရပ်ကွက်၊ ရွှေစောလူးဘုရား စောင်းတန်းတွင် ဆူပူအကြမ်းဖက်သူအင်အား ၃၀ ဦးခန့်က စုဝေးဆန္ဒပြ နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ညှိနှိုင်းဖြေလျော့ခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် အင်အား သုံးလူစုခွဲခဲ့ရာ နံနက် နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်လူအုပ်စု အတွင်းမှ အမျိုးသား ဦးအား ဖမ်းဆီးရမိခဲ့သည်။

            ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နံနက် ၁၁ နာရီခွဲတွင် ဆူပူအကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့် က မြင်းမူမြို့မရဲစခန်းနှင့်ကပ်လျက်ရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်းဘက်မှ ရဲစခန်း သို့ ဆူပူအော်ဟစ်ဆဲဆိုကာ ဝိုင်းရံရောက်ရှိလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့သည်။

            အဆိုပါလူစုကွဲသွားသည့် လူအုပ်စုအတွင်းမှ အင်အား ၅၀ ဦးခန့်သည် နေ့လည်  ၁ နာရီ ၅၅ မိနစ်အချိန်တွင် အောင်ဇေယျရပ်ကွက် မြို့မဈေးကွေ့၌ တာယာကွင်းများအား မီးရှို့ကာ အတားအဆီးများဖြင့်ပိတ်ဆို့၍ ထပ်မံဆန္ဒပြနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ညှိနှိုင်းဖြေလျော့ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ လေးခွ၊ ခဲလုံး၊ လက်လုပ်ဗုံးများဖြင့် ပြန်လည်အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့သဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့် ပစ်ခတ် လူစုခွဲခဲ့ရာ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့သည်။

            ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့် ရန်ပြုပစ်ခတ်သူ သဲကိုမောင် () ဦးအေးကို သည် လက်လုပ်ဗုံးဖြင့် ပစ်ခတ်စဉ် ၎င်း၏အနီးတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဝဲ/ယာ ခြေထောက်များတွင် ဗုံးစထိမှန်ဒဏ်ရာများနှင့် ဝဲလက်ညှိုးပြတ်ဒဏ်ရာများ ရရှိခဲ့ပြီး အမျိုးသား ၁ ဦးမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့် ရန်ပြုပစ်ခတ်စဉ် ၎င်း၏ လက်အတွင်း ဗုံးပေါက်ကွဲခဲ့သဖြင့် ယာလက်မောင်းကျိုး၊ ယာချိုင်းအောက် ဗုံးစထိမှန်ဒဏ်ရာ များဖြင့် သေဆုံးခဲ့သည်။

          ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူအား ဆေးကုသမှုခံယူနိုင်ရေး မြင်းမူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး လူသေဆုံးမှုအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။