စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများခိုအောင်းနေထိုင်လျက်ရှိကြောင်းနှင့် ၎င်းတို့ အကြမ်းဖက်လုပ်ရပ် များ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ သိုဝှက်ထားရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ရှာဖွေဖော်ထုတ်ခြင်း များ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ အတွင်းမှ Super Custom မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၃ စီးတို့နှင့်အတူ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်လုပ် သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ လက်လုပ်မိုင်း ၉ လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင် ရာသို့ အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရွှေဘိုမြို့နယ် အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။