အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MV Mercury Force သင်္ဘောသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့မှ ပေးပို့သည့် ၁၀ မီတာ ကွန်ကရစ်မီးတိုင် (၁၅၁၇)လုံး၊ ၉ မီတာ ကွန်ကရစ်မီးတိုင် (၁၃၅၅)လုံး စုစုပေါင်း (၁၉၄၂.၄၆) တန်အား လည်း ကောင်း၊ MV Weru Pack Kha သင်္ဘောသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာတို့မှ ပေးပို့သည့် ဆန် ၂၄ ပြည်ဝင် (၃၅၀၀၀) အိတ်၊ ဒေါင့်သံချောင်း (၄၀၀) တန်၊ ဖလန်းသံပြားချောင်း (၂၀) တန်၊ စားသောက်ကုန် (၂) တန် စုစုပေါင်း (၂၁၇၁.၅၉) တန်အား လည်းကောင်း အသီးသီးတင်ဆောင်၍ ၂၆-၈-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာ သွားကြောင်း သိရှိရပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ (၁၆-၅-၂၀၂၃) ရက်နေ့မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ်(၃၀)စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့်စားသောက်ကုန်များ ပါဝင် သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း(၄၀၃၉၂.၀၃)တန်နှင့် ဒီဇယ် (၂၄၉,၇၆၂)ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံအား ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။