မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

Sunday, May 9, 2021 - 04:30

 

နေပြည်တော်၊ မေ - ၈

            တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများ မှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း

သိရှိရသည်။

            ထို့သို့အပ်နှံရာတွင်   မေလ  ၇  ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ ကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ အောင်လံမြို့နယ်၊ ကံမလေးကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဒဟတ်တန်းကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကြက်ခတ်ကုန်းကျေးရွာမှ တူမီးသေနတ် ၁ လက်အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာ ရောက်အပ်နှံခဲ့ကြောင်း သိရသည်။

          ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော တူမီးသေနတ်နှင့် လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိပါသည်။