Sunday, May 9, 2021 - 04:30
နေပြည်တော်၊ မေ - ၈
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဘွန်မြန်ဆီကုမ္ပဏီမှ ယာဉ်မောင်း အောင်ကျော်စိုး (ဘ)ဦးထွန်းတင် မောင်းနှင်၍ သာထက်စိုး(ဘ)ဦးလှသောင်း လိုက်ပါလာသည့် SINO အမျိုးအစား ၁၂ ဘီး ဆီတင်ယာဉ်အမှတ်၊ ယာယီ/---- သည် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင်
လမြန်ကျေးရွာနှင့် မုန်ကြိတ်ကျေးရွာကြားသို့ အရောက်၌ KIA အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များများဖြင့် ပစ်ခတ်ခဲ့သဖြင့် သာထက်စိုး တွင် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်၏လေကာမှန်များ၊ ယာဉ်ကိုယ်ထည်များနှင့် ဆီတိုင်ကီတို့တွင် ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူအား ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူစေလျက်ရှိပြီး အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။