နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိစဉ် ခရီးစဉ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက် ပင်မကျောင်း ဆောင်နှင့် ကျောင်းတိုက်အတွင်းရှိ သကျမုနိဘုရားကြီး သိမ်တော်တို့အား မူလလက်ရာ အတိုင်း ရှေးမူမပျက် အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် လမ်းညွှန်မှာကြားချက်အရ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများက ရပ်မိ/ရပ်ဖများနှင်အတူ အဆိုပါ ကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇောတိပါလ အား ဖူးမြှော်ကြည်ညိုကန်တော့ပြီး ပင်မ ကျောင်းဆောင်နှင့် သကျမုနိဘုရား သိမ်တော်ကြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးလျှောက်ထားတင်ပြကြသည်။
ဦးစွာ ပြန်လည်ပြုပြင်ရေးအဖွဲ့တာဝန်ရှိသူများနှင့် သာသနာရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနညွှန်ကြားရေးမှူးတို့က ဦးရဲကျော်သူ ကျောင်းတိုက်ရှိ သကျမုနိ ဘုရားသိမ်တော်ကြီးအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများ၊ သိမ်တော် ကြီးအတွင်း အရောင်မတူ ပျက်စီးနေသည့် ကြွေပြားအဟောင်းများခွာ၍ ကြွေပြား အသစ်များ အစားထိုးပြုပြင်ခြင်းနှင့် အတွင်း/ အပြင်၌ မီး- ရေလိုင်းများ အသစ် အစားထိုးပြုပြင် ခြင်းလုပ်ငန်းများ ဆောက်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကျောင်းတိုက်ဆရာတော်အား ဆွမ်းဆန် တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပင်မ ကျောင်းဆောင်နှင့် သကျမုနိဘုရားသိမ်တော်ကြီးအား မူလလက်ရာအတိုင်း ရှေးမူ မပျက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်းပြသ ခဲ့ကြောင်း သတင်းရရှိသည်။