နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ   နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ် - ၁၃

Sunday, August 13, 2023 - 14:30

          ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နိုင်ငံတော်သံစုံ တီးဝိုင်း ဖျော်ဖြေတင်ဆက်မှုကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်၊ မြဝတီမီဒီယာ စင်တာရှိ Theatre ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။

          အဆိုပါ ဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊  ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် အနုပညာရပ်ဝန်းအသီးသီး မှ နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်အားပေး ကြည့်ရှုကြသည်။

          ဦးစွာ ဖျော်ဖြေပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ အခမ်း အနားမှူးက နိုင်ငံတကာသံစုံတီးဝိုင်းများနှင့် နိုင်ငံတော်သံစုံတီးဝိုင်း အကြောင်းအရာ အကျဉ်းအား ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတော်သံစုံတီးဝိုင်းနှင့် တူရိယာများ ဆိုင်ရာ Annimation Video Clip ကို တင်ဆက်ပြသသည်။

          ယင်းနောက် နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ရာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တက်ရောက်လာကြ သူများက မတ်တပ်ရပ် အလေးပြုကြသည်။

          ဆက်လက်ပြီး ASEAN Anthem သံစဉ်နှင့် နိုင်ငံတော်သံစုံတီးဝိုင်း၏ ပဏာမ တေးသွား(MNSO Overture) တို့ကိုလည်းကောင်း၊ တူရိယာအမျိုးအစားများအလိုက် တီးမှုတ်တင်ဆက်၍လည်းကောင်း နိုင်ငံတော်သံစုံတီးဝိုင်း  အဖွဲ့သားများက ဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ တွဲဖက်၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တေးသံရှင်များ၊ နိုင်ငံကျော် ရုပ်ရှင်နှင့် ဂီတ အနုပညာရှင်များက မြန်မာ သံစဉ်များ၊ ခေတ်ပေါ်သံစဉ်များနှင့် နိုင်ငံတကာ ကမ္ဘာကျော်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက် လာကြသူများက ကြည့်ရှု အားပေးခဲ့ကြသည်။      

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် နိုင်ငံတော်သံစုံ တီးဝိုင်း ဖျော်ဖြေရေးအဖွဲ့နှင့် ပြင်ပအဆိုရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြု ဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် နိုင်ငံတော်သံစုံ တီးဝိုင်းဖျော်ဖြေရေးအဖွဲ့သူ၊ အဖွဲ့သားများနှင့် တက်ရောက်လာကြသည့် နိုင်ငံကျော်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် ဖျော်ဖြေပွဲသို့တက်ရောက်လာကြသူများ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် လက်ဖက်ရည်ဝိုင်းတွင် အတူတကွသုံးဆောင်ကြပြီး သုံးဆောင်အပြီးတွင် နိုင်ငံတော် စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံကျော်အနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။