စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်းများရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိ မှုနှင့် ဆက်လက်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လိုက်လံ ကြည့်ရှု၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်

Saturday, August 12, 2023 - 17:15

                 ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ် ခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများရှိ သာသနိကအဆောက်အဦများအား ပြန်လည် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး နန္ဒာရာမပရိယတ္တိ စာသင်တိုက်၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၊ မဟာဇေယျသိဒ္ဒိအဓိဋ္ဌာန်ကျောင်း တိုက်၊ ခေမာမဏ္ဍိုင်ကျောင်းတိုက်၊ အမ္ဗာရာမကျောင်းတိုက်နှင့် ကျားရုပ်ဘုန်းတော်ကြီး ကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများအား ကျောင်းတိုက် အသီးသီးသို့ သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။

                 အဆိုပါကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအား စစ်တွေတပ်နယ်မှ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။