PDF အမည်ခံအကြမ်းဖက်သမားများက ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် Drop Bomb များဖြင့် အကြောင်းမဲ့တိုက်ခိုက် နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၂

Saturday, August 12, 2023 - 17:00

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားကင်းမဲ့စွာ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး သေဆုံးပြီး ၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေ သော တပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ၆ နာရီ ခွဲခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များဖြင့် Drop Bomb များ ပစ်ချ တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အလောင်းနှင့်ခဲယမ်းဆက်စပ် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။

            အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအတွင်းရှိ အသက် ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့ ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကာ ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းအတွင်းရှိ စာသင်ဆောင် အဆောက်အဦ ၂ လုံးမှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

            အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆက်လက်ဆေးဝါးကုသ နိုင်ရေးအတွက် ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ပြည်သူများအား သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိသည် အထိ လုပ်ဆောင်ခဲ့သော အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။