ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင် လူသတ်မှု၊ မူးယစ်ဆေးဝါးမှုများကို  ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

Sunday, May 9, 2021 - 03:30

 

နေပြည်တော်၊ မေ - ၈

          ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊အမှတ်(၃၃)ရပ်ကွက်၊ ပင်လုံလမ်း၊ သီတဂူဗုဒ္ဓတက္ကသိုလ်ရှေ့၌ ဧပြီ ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင် ရွက်နေစဉ် ဇော်မင်းထွန်း(ခ)ဘိုချစ်(ဘ)ဦးကြည်မင်း စီးနင်းလာသော MAROKIN စာတမ်းပါ ခဲရောင်မိန်းမစီးစက်ဘီးအား ရပ်တန့်စစ်ဆေးရာ ၎င်းထံမှ R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၅၀) ပြား၊

အလေးချိန်(၅)ဂရမ်ခန့်ရှိ အထုပ်(၁)ထုပ်၊  ဆေးခြောက် အရိုး/အရွက်/အသီးခြောက် အလေးချိန်(၅)ဂရမ်ခန့်ရှိ အထုပ် (၁)ထုပ် တို့အား သိမ်းဆည်းရမိခြင်းဖြင့် မူးယစ်ဆေးဝါး(သို့မဟုတ်)စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိခဲ့ခြင်းကြောင့် လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ဝေပုလ္လ(၇)လမ်း၊ အမှတ်-၁၂/ခ ရှိမျိုးမင်းထွန်း(ခ)သားကြီး(ဘ)ဦးစိုးမြင့်နှင့်ယုယုမွန် (ခ)ယုမွန်(ဘ)ဦးဖေသန်း တို့၏နေအိမ်အား ဧပြီ ၈ ရက် ည ၁၀ နာရီခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ ယုယုမွန်(ခ)ယုမွန် အား နေအိမ်တွင် တွေ့ရှိရပြီး အအေးစုပ်ပိုက်တိုအတွင်း ထည့်ထားသည့် WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၀)ပြားပါ ပိုက်တို(၁)ချောင်း၊ အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထား သည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၆)ပြားနှင့် အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား အပြား(၁)ပြားပါ အထုပ်(၁)ထုပ်၊ စုစုပေါင်း WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား (၃၇)ပြား၊ အလေးချိန်(၃ ဒသမ ၇)ဂရမ်ခန့်အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြင့် ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိခဲ့ခြင်းကြောင့် လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ဧပြီ ၆ ရက် ည ၉ နာရီခန့်တွင် ငရဲ(ခ)ရဲထွဋ်ခေါင်(ဘ)ဦးစိုးလွင်၊ တင်သန်းဦး(ခ)ပါးပါးလေး(ဘ)ဦးအောင်ဝင်းနိုင်၊ မစူးထက်ထက်အောင်(ခ)ထက်ထက် (ဘ)ဦးထိန်းလင်းတို့သည် မူးယစ်ဆေးဝါး သုံးစွဲပြီး လမ်းလျှောက်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ရာ ငရဲ(ခ) ရဲထွဋ်ခေါင် ထံမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၃၄)ပြား၊ အလေးချိန်( ၃ ဒသမ ၄)ဂရမ်ခန့်အား ရှာဖွေေတွေ့ရှိခဲ့ခြင်းဖြင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိရာ တွင် အားပေးကူညီခဲ့သည့်အတွက်လည်းကောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ ကျူးနေအိမ်အား ဧပြီ ၉ ရက် ည ၁၁ နာရီခွဲခန့်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ ရဲလေး(ခ)ရဲလင်းထွန်း(ဘ) ဦးထွန်းမြင့် အား  နေအိမ်တွင် တွေ့ရှိရပြီး ၎င်းထံမှ WY စာတမ်းပါလိမ္မော်ရောင် စိတ်ကြွဆေးပြား (၅၇)ပြား၊ အလေးချိန်( ၅ ဒသမ ၇)ဂရမ်ခန့်အား ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ရောင်းချရန် အလို့ငှာလက်ဝယ်ထားရှိခဲ့ခြင်းကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)နှင့် ဥပဒေပုဒ်မ-၁၉(က)/၂၁ တို့အရ မေ ၇ ရက်တွင် “ ၎င်းတို့အား နှစ် အကန့်သတ်မရှိ အလုပ်နှင့် ထောင်ဒဏ်”အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

          အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူ ၇ ဦးအနက် မျိုးမင်းထွန်း(ခ)သားကြီး(ဘ) ဦးစိုးမြင့် သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့သည်။

          ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၂) ရပ်ကွက်၊ စိန်ချယ်လမ်း၌  မတ် ၂၆ ရက် ည ၉ နာရီခန့်တွင် အောင်နိုင်ထွန်း(ခ) ထွန်းလင်းဦးနှင့်  အောင်မျိုးငြိမ်း(ခ)ထွန်းထွန်း၏ ဇနီးဖြစ်သူ မယုယုမော် တို့ စကား များရန်ဖြစ်ခဲ့ပြီး အောင်နိုင်ထွန်း(ခ)ထွန်းလင်းဦး အား အောင်မျိုးငြိမ်း(ခ) ထွန်းထွန်း မှ အရိုး(၈)လက်မခန့်၊ အသွား(၁၉)လက်မခန့်၊ စုစုပေါင်း အရိုး/အသွား (၂၇)လက်မ ခန့်ရှိ လက်ကိုင်စတီးရိုးတပ် ထိပ်ဦးချွန်ဓားရှည်ဖြင့် ခုတ်ခဲ့သဖြင့် အောင်နိုင်ထွန်း (ခ)ထွန်းလင်းဦးတွင် ဒဏ်ရာများရရှိခဲ့ပြီး ရရှိဒဏ်ရာများကြောင့် သွေးထွက်လွန်ကာ သေဆုံးခဲ့သည့်အတွက်ကြောင့်လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊  ဆင်ဖြူရှင်လမ်း၊ ရွက်နုဝေအလှပြင် ဆိုင်၌ ဧပြီ ၅ ရက် ည ၇ နာရီခန့်တွင် အောင်ကျော်သူ (ဘ)ဦးကျော်အေး သည် ဇနီးဟောင်းဖြစ်သူ မခင်သီတာအောင်(ဘ)ဦးခင်မောင်စိုး အား အိမ်ထောင်ရေး ပြဿနာကြောင့် အရိုး(၄)လက်မခန့်ရှိ အနီရောင်အရိုးတပ် ဓားကောက်ဖြင့် ထိုးခုတ်ခဲ့သဖြင့် မခင်သီတာအောင်တွင် ဒဏ်ရာများ ရရှိခဲ့ပြီး ရရှိဒဏ်ရာများကြောင့် သွေးလွန်၍ သေဆုံးခဲ့သည့်အတွက်ကြောင့် လည်းကောင်း၊ ဖြိုးသူကျော်(ဘ) ဦးအေးသွယ်နှင့် သက်နောင်စိုး (ဘ)ဦးစံရွှေမြင့်တို့သည် ဧပြီ ၇ ရက် နံနက် ၅ နာရီခန့်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်းရှိ JOC Galaxy (Myanmar) Apparel Co.Ltd စက်ရုံအတွင်းရှိ လုပ်ငန်းသုံး ပစ္စည်းများနှင့်  အထည်လိပ်များကို ကတ်ထူစက္ကူအား ဒီဇယ်ဖြင့် ပက်ဖျန်းကာ မီးရှို့ခဲ့ခြင်းဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၃၀၂ နှင့် ရာဇသတ်ကြီးပုဒ်မ- ၄၃၆ တို့အရ မေ ၇ ရက်တွင် ၎င်းတို့အား “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အား အသီးသီး အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။

          ၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ အောင်ဇေယျကြိုးတံတားထိပ်၌ ဧပြီ ၁၀ ရက် ည ၁၀ နာရီခန့်တွင် မြင့်ခိုင်(ခ)ပြုံးချို(ဘ)ဦးမြင့်ဦး မောင်းနှင်လာသည့် KENBO-125 မော်တော် ဆိုင်ကယ်  အမှတ်၊ ၅၄/၄၅၀၁ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ ၎င်း ထံမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၆)ပြား၊ အလေးချိန်(၁ ဒသမ ၆)ဂရမ်ခန့် အား ထားရှိခဲ့ခြင်းဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထားရှိခဲ့သည့်အတွက် လည်းကောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဇေယျ ကြိုးတံတား အဆင်း၌ ဧပြီ ၉ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ရဲထွန်းနိုင်(ခ)ကုလား (ဘ)ဦးပန်းအေး အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေရာ ရဲထွန်းနိုင်(ခ) ကုလား ထံမှ WY စာတမ်းပါလိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၀ ပြား၊ အလေးချိန် (၁)ဂရမ်ခန့်အား ရှာဖွေတွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါး(သို့မဟုတ်) စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများကို လက်ဝယ်ထားရှိခဲ့သည့်အတွက်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆(ဂ)အရ ၎င်းတို့အား မေ ၇ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်” စီအား အသီးသီး အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီး ခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက် သည့်အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်             ( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။