၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ် နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂

Wednesday, August 2, 2023 - 17:15

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂

          ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ လေကြောင်းအတတ် သင်လေတပ်စခန်းဌာနချုပ် အားကစားရုံ၌ ပြုလုပ်ရာ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် မိတ္ထီလာတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

          ဦးစွာ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးက အမှာ စကားပြောကြားသည်။ ထို့နောက် ဌာနချုပ်မှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပွဲစဉ်ယှဉ်ပြိုင်နေကစားနေမှုများကို ကြည့်ရှုအားပေးသည်။

          အဆိုပါ ဘော်လီဘောပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၄ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ဖြင့် ဩဂုတ် ၁၆ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။