နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၀ /၂၀၂၃ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံ ခွင့်မိန့်

Tuesday, August 1, 2023 - 13:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊   ၅၀  /၂၀၂၃

၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၅ ရက်

(၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အားဖြင့် အကျဉ်း‌ထောင် အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့် သူများကို ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံ စေလိုက်သည်။

 

အမိန့်အရ

                                                                                     အောင်လင်းဒွေး

                                                                                       ဒုတိယဗိုလ်ချုပ်ကြီး

                                                                                      အတွင်းရေးမှူး