နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၄၈ / ၂၀၂၃ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ချမှတ်သည့်အမိန့်

Tuesday, August 1, 2023 - 13:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊   ၄၈   / ၂၀၂၃

၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း   ၁၅    ရက်

(၂၀၂၃ ခုနှစ်၊ ဩဂုတ်လ   ၁  ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၇/၂၀၂၁ ရာဇဝတ်မှုကြီးအမှတ်၊ ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီး အမှတ်၊ ၃၈/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျ ခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်။

 

           

                                                                             အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး