ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၃၀
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်းရာကုန်း ကျေးရွာအုပ်စု၊ ကုတိုးဆိပ်ကျေးရွာတွင် ပြုလုပ်သည့် မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်၌ စုပေါင်းကောက်စိုက်ခြင်း၊ တီစူပါမြေဩဇာမြေခံကြဲပက်ခြင်း နှင့် စုပေါင်းထွန်ယက် နေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများအား တီဆူပါမြေ ဩဇာအိတ်များ အခမဲ့ထောက်ပံ့ပေးအပ်ကာ စိုက်ပျိုးရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးသည်။ယင်းနောက် ကွန်တိုင်ကျေးရွာအုပ်စု၊ ကွန်တိုင်ကျေးရွာ၌ စုပေါင်း ကောက်စိုက်နေမှုနှင့် စပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု အားပေးပြီး နန်းရာကုန်းကျေးရွာရှိ ပုဂ္ဂလိကပိုင် တစ်ပိုင်တစ်နိုင် အသားတိုးကြက် မွေးမြူရေးခြံသို့ သွားရောက်လေ့လာကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။
အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ၊ ရမ္မာဝတီခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ သည့် စတုတ္ထအကြိမ်မြောက် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြခဲ့ကြောင်း သတင်းရရှိသည်။