နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က Video Conferencing ဖြင့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ မေ - ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် Video Conferencing ပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
ဦးစွာ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူး ကောင်းထက်စံက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ပိုမိုဖြည့်ဆည်းနိုင်ရေး၊ သတင်း စီးဆင်းမှု ပိုမိုမြန်ဆန်စေရေးနှင့် သတင်းမှန်များ ပိုမိုရရှိစေရေး စသည့်ရည်ရွယ်ချက် များနှင့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ပါတီစုံဒီမို ကရေစီစနစ်နှင့် ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံသည့့်အနေဖြင့် သတင်းမီဒီယာများကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုထား သည့်အတွက် သတင်းမီဒီယာများအနေဖြင့် စတုတ္ထမဏ္ဍိုင်ပီသစွာ နိုင်ငံတော် တည်ဆောက် ရေးတွင် အပြုသဘောဆောင် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန်လို ကြောင်းပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများများနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြီးခဲ့သည့် ပညာသင်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံ၏ စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည့်အတွက် ကျောင်းသားများအနေဖြင့် ပညာရေးဆိုင်ရာ နစ်နာမှုများရှိခဲ့ကြောင်း၊ ယခုနှစ် မေ ၅ ရက်မှစ၍ ကိုဗစ်ကာကွွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်း သား၊ ကျောင်းသူများ ပညာတက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ဇွန် ၁ ရက် တွင်လည်း အခြေခံပညာကျောင်းများကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပြီး မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ပညာသင်ကြားရေးလုပ်ငန်းများစတင်နိုင်ရန် လုပ်ဆောင်လျက်ရှိ ကြောင်း၊ COVID-19 ရောဂါ ကြောင့် ကျောင်းများပိတ်ထားခဲ့ရသည်မှာ စာသင်နှစ် ၁ နှစ်ရှိပြီး ထိုသို့ ကျောင်းများ ပိတ်ထားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ နစ်နာဆုံးရှုံး ရသည့်အပြင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ များစွာထိခိုက်နစ်နာ လျက်ရှိ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် COVID ကာလအတွင်း COVID ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကျောင်းများပြန်လည်မဖွင့်နိုင်အောင် လှုံ့ဆော်ခြင်း၊ ကလေးငယ်များ၏ ပညာသင်ကြားရေး အား ခြိမ်းခြောက်နှောင့်ယှက်ဟန့်တားပြီး သွေးထိုးလှုံ့ဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးစနစ်သည် “အမျိုးသားပညာရေးစနစ်” ဖြင့် ကျင့်သုံးလျက်ရှိကြောင်း၊ အဆိုပါပညာရေးစနစ်သည် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ် အမျိုးသားပညာ ရေးဉပဒေအရ စတင်ခဲ့ခြင်းဖြစ် ပြီး ယခင်အစိုးရနှစ်ဆက်တိုင် ကျင့်သုံးအကောင်အထည်ဖော် ခဲ့သည့် ပညာရေးစနစ်ဖြစ်ကြောင်း၊ အမျိုးသားပညာရေးဆိုသည်မှာ အစိုးရတစ်ရပ်၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် မိမိလိုချင်သလို ပြုပြင်ပြောင်းလဲ၍ မရကြောင်း၊ အဆိုပါ ပညာရေးစနစ်၊ သင်ရိုးညွှန်းတန်းနှင့် စာများအား ကျင့်သုံးသင်ကြားခဲ့သည်မှာ ၅ နှစ်ကျော် ကြာခဲ့ပြီဖြစ်ရာ ဒီမိုကရေစီအစိုးရနှစ်ဆက်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါပညာရေးစနစ်ကို စစ်ကျွန်ပညာရေးစနစ်ဟု သုံးနှုန်းနေခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ များအား ချောက်ချစော်ကားနေခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်နေခြင်းသည် မိမိတို့နိုင်ငံအနာ ဂတ်အတွက် အထူးစိုးရိမ်စရာကောင်းလှကြောင်း၊ ကမ္ဘာတွင် ပညာခေတ်ဟု ကြွေးကြော်နေ ပြီး ပညာရေးနှင့်ကျန်းမာရေးကိုအားပေးမြှင့်တင်ရမည့်အချိန်တွင် မိမိတို့နိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးစနစ်ကို ပျက်စီးအောင် ဒီမိုကရေစီအမည်ခံအကြမ်းဖက်သမားများက ဆောင် ရွက်နေပြီး ကျောင်းများရှေ့တွင် ဗုံးခွဲခြင်း၊ ဗုံးထောင်ခြင်းများအပါအဝင် ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်အကြပ်ကိုင် ဟန့်တားခြင်း စသည့် အဖျက်အမှောက်လုပ်ငန်းများအား ဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် တစ်မျိုးသားလုံး၏ ကျန်းမာရေးနှင့်ပညာရေးစနစ်ကိုပျက်စီးအောင် ဆောင်ရွက်နေသူများ၊ တစ်မျိုးသားလုံးအား ရေရှည်မှိုင်းတိုက်ပြီး ကျွန်ဇာတ်သွင်းနေကြသူ များ၏လုပ်ရပ်များအား မြင်အောင်ကြည့်ကြရန်နှင့် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းကြရန်လို ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားများ၏ အခွင့်အရေးအရ လွတ်လပ်စွာသဘောထားကွဲ လွဲပိုင်ခွင့်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့်အစိုးရတက်တက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့်တရားဉပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်နေကြရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး ပညာရေးဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံသားများအား ပညာသင်ကြားပေးမှုနှင့်ပတ်သက်သည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများဆောင်ရွက်ပေးသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းဆိုသည်မှာ အုပ်ချုပ်ရေးကဏ္ဍများတွင်ပါဝင်ပြီး ဌာနများ၏စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက် နေသည့်သူများကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတွင် ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာ ကိစ္စရပ်များအား မည်သည့်အခြေအနေမျိုးတွင်မဆို ရပ်ဆိုင်းထား၍မရသည့် အရေးကြီး သည့်ကိစ္စဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် တစ်နှစ်စောလျင် တစ်နှစ်အကျိုးရှိပြီး တစ်နှစ် နောက်ကျလျင် တစ်နှစ်နစ်နာမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း မိဘ အုပ်ထိန်းသူများနှင့် ပြည်သူများသို့ အသိပေးကြေညာချက်များ၊ မေတ္တာရပ်ခံချက်များနှင့် ကျောင်းအပ်နှံရေးအစီအစဉ်များ ထုတ်ပြန်ထားရှိကြောင်း၊ ထို့ကြောင့် မိဘများအနေဖြင့် မိမိ တို့သားသမီးများ နစ်နာနောက်ကျမှုများ မဖြစ်စေရေးအတွက် ကျောင်းဖွင့်ချိန်များတွင် ကျောင်းအပ်နှံရေး၊ ကျောင်းတက်နိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် ဆရာ၊ ဆရာမများအနေ ဖြင့်လည်း နိုင်ငံသားများ၏ ပညာသင်ကြားရေးလုပ်ငန်းများကို လုပ်ဆောင်ကြရန်လိုအပ် ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား တပ်မတော် က လုပ်ဆောင်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မြန်မာ နိုင်ငံ ဆေးရုံ၊ ဆေးခန်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များ၊ ကျန်းမာ ရေးဝန်ထမ်းအချို့သည် ဆေးပညာရပ်ဆိုင်ရာ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ ဝန်ထမ်းစည်းကမ်းစည်းမျဉ်းများကို ဖောက်ဖျက်ပြီး ကိုယ်တိုင် CDM လုပ်ဆောင်ခြင်း၊ အခြား သူများကို CDM လုပ်ဆောင်ရန်ဖိအားပေးခြင်း၊ အကြပ်ကိုင်ခြင်းများ လုပ်ဆောင်ပြီး အစိုးရ ဆေးရုံ၊ ဆေးခန်းများတွင် ၎င်းတို့၏အလုပ်တာဝန်များပျက်ကွက်နေသည့်အတွက် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ လစ်ဟင်းမှုအချို့ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ ထိုသို့လစ်ဟာမှုများကို ဖြည့်ဆည်းပေးနိုင်ရန် တပ်မတော်အနေဖြင့် တပ်မတော် ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများတွင် ပြည်သူလူထုအား ဖေဖော်ဝါရီ ၅ ရက်မှ စ၍ လက်ခံကုသပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် မေ ၆ ရက်အထိ ပြင်ပလူနာ ၁၈၇၉၂၄ ဦး၊ အတွင်းလူနာ ၅၈၅၉၂ ဦးတို့ကို လက်ခံကုသပေးလျက်ရှိပြီး ၎င်းအနက်မှ အကြီးစာခွဲစိတ် ကုသရန်လိုအပ်သူ ၈၇၆၆ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၄၇၆ ဦး စုစုပေါင်း ၁၃၂၄၂ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် မီးဖွားလူနာ ၄၅၃၀ ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၆၈၄၉ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ရာ ယနေ့အထိ ကလေးငယ် ၁၁၃၇၉ ဦးတို့ကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဧပြီ ၇ ရက်မှ မေ ၄ ရက် အထိ ဘိန်းဖြူကီလို ၁ ဒသမ ၈၁၉ ၊ ဘိန်းစိမ်းကီလို ၅၀ ဒသမ ၀၁၆ ၊ ဘိန်းမဲကီလို ၂၇ ဒသမ ၈၅ ၊ ဆေးခြောက်ကီလို ၂ ဒသမ ၇၅ ၊ စိတ်ကြွဆေးပြား ၈၅၀၆၉၄၉ ၊ အိုက်စ်ကီလို ၁ ဒသမ ၅၁၂ ၊ အခြားပစ္စည်းကီလို ၄၄၆ ကီလို၊ စုစုပေါင်းကာလတန်ဖိုး မြန်မာကျပ်ငွေ ၁၃ ဒသမ ၆၄၁ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ မေ ၄ ရက်အထိ စုစုပေါင်းကာလတန် ဖိုးငွေကျပ် ၁၁၆ ဒသမ ၄၀၃ ဘီလီယံကျော် ဖမ်းဆီးနိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မိုးကောင်း ရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာတို့အား ဖွင့်လှစ်ခဲ့မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံ၌ နိုင်ငံတစ်ကာအဆင့်မီ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် မိုးကောင်းရတနာ မိခင်နှင့်ကလေး ဆေးရုံအား တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ကိုဗစ်ကပ်ရောဂါမတိုင်မီကာလများတွင် ပြည်ပနိုင်ငံများသို့ နေ့စဉ်လူဦးရေ ၅၀၀ ခန့် သွားရောက်ဆေးကုသလျက်ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၇ ခုနှစ်၊ တစ်နှစ်ထဲတွင် ပြည်ပသို့ ဆေးကုသရန် သွားရောက်ခဲ့သူပေါင်း ၂၁၇၉၁၅ ဦးရှိပြီး သွားရောက်မှု အများဆုံးအနေဖြင့် ထိုင်းနိုင်ငံတွင် ၅၆ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံတွင် ၁၉ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၁၁ ရာခိုင် နှုန်းတို့ဖြစ်ပြီး ကျန်းမာရေးမကောင်းသည့်အတွက် ပြည်ပနိုင်ငံများသို့ သွားရောက် ဆေးကု သရာတွင် ဘာသာစကားအခက်အခဲ၊ လူမှုရေးအခက်အခဲ စသည့် အခက်အခဲများစွာရှိ ကြောင်း၊ အဆိုပါအခက်အခဲများတွင် ကုသစရိတ်အပြင် ခရီးသွားလာမှု စရိတ်များ ထပ်မံကုန်ကျသည့်အတွက် ငွေကုန်ကြေးကြ ပိုမိုများပြား လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးရုံပေါင်း ၁၃၀၁ ရုံအနက် အစိုးရ ဆေးရုံ ၁၁၁၅ ရုံနှင့် ပုဂ္ဂလိကဆေးရုံး ၁၈၇ ရုံတို့ရှိကြောင်း စစ်တမ်းများအရ ၇၂ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်တွင်း မှာပင် အဆင့်မီကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ခံယူစေနိုင်ရန်ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
သတင်းမီဒီယာလုပ်ငန်းအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်းငံများတွင်း ၎င်းတို့၏ အကျိုးစီးပွား အတွက် ခေတ်မီဘက်စုံမီဒီယာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ၎င်းတို့လိုအပ်သည့် အယူအဆ၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုဓလေ့စရိုက်များကို သွတ်သွင်းခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှ တိုးနှက်မှုများကို ခိုင်ခိုင်မာမာ ကာကွယ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ကြားထားသည့်အတိုင်း မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍ လိုအပ်ချက်ကို ဖြည့်ဆည်းသည့်အနေဖြင့် မြဝတီမီဒီယာစင်တာအား တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြဝတီမီဒီယာစင်တာအား တည်ဆောက်ခဲ့သည့်အတွက် မီဒီယာဆိုင်ရာ လုပ်ငန်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်ပြီး မီဒီယာနှင့် ရုပ်ရှင်လုပ်ငန်း ကို နိုင်ငံတကာနှင့် ပခုံးခြင်းယှဉ်နိုင်အောင်မြှင့်တင်ပေးခဲ့သည့် ဆောင်ရွက်ချက်တစ်ခုပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပုံရိပ်ကို နိုင်ငံတကာမှ သိရှိနိုင်ရန်အတွက် ပတ်သက်ဆက်နွယ် သည့် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်ချက် များဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမြဝတီမီဒီယာစင်တာသည် ၇ ထပ် အဆောက်အဦ ဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်တွင် 4K အရည်အသွေးမြင့် 3D ပြသ နိုင်သည့် လူ ၂၀၀ ဆံ့ ရုပ်ရှင်ရုံ၊ ကြီးမားသော LED Projector ပါဝင်သည့် လူ ၃၀၀ ဆံ့ ကဇာတ်ရုံ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများ၊ Game Show များ၊ Model Show ပြိုင်ပွဲများပြုလုပ် နိုင်ပြီး စတိတ်စင် နောက်ခံဒီဇိုင်းများ လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်သည့် TV Studio ၂ ခန်း၊ Talk Show Studio, Radio Studio, Mini Studio, Sound Studio, News Studio, Music Studio ခန်းများ၊ စာကြည့်တိုက်နဲ့ မြဝတီမီဒီယာသင်တန်းခန်းမ ထည့်သွင်း တည် ဆောက်ထား သည့်အခြေအနေများ၊ မြန်မာ့ရုပ်ရှင်လောကကို မြှင့်တင်နိုင်ရန် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် မြန်မာ့ရုပ်ရှင်လောက၊ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး Out Door Studio တစ်ခုတည်ဆောက်သွားရန်လည်းရှိကြောင်း၊ “ရုပ်ရှင်သည် ပြည်သူ့အတွက် ” “ စာပေမြင့်မှလူမျိုးမြင့်မည်” “ ဂီတစွမ်းအားပြည်ထွန်းကား” စသည့် ဆောင်ပုဒ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လက်ရှိအချိန်တွင်ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲများကြောင့် ငွေကြေး ထုတ်ယူမှု ကန့်သတ်ချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဝင်းသော်က ရှင်းလင်းပြောကြားရာတွင် ဗဟိုဘဏ်အနေဖြင့် ဘဏ်စနစ်တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ရန်အတွက် ငွေထုတ်ယူမှု ကန့်သတ်ချက်ကို ထုတ်ပြန်လိုက်ရတာဘဲဖြစ်ပါတယ်။ စိုးရိမ်စိတ်နဲ့ထုတ်နေသူတွေရှိသလို တစ်ပြိုင်တည်း စိုးရိမ်စိတ်နဲ့ ငွေလာ မအပ်တော့တဲ့ ကိစ္စရပ်လည်း ဖြစ်ပေါ်လာပါတယ်။ ဒီတော့မအပ်ဘဲ ထားတဲ့ငွေတွေအတွက် အိမ်မှာ လုံခြုံမှုမရှိ စိုးရိမ်ပူပန်မှုဖြစ်လာပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အဆိုပါကိစ္စရပ်များဖြေလျော့နိုင်ရေးအတွက် ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် လက်ဝယ်ရှိငွေသား များကိုလုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် မေ ၃ ရက်မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းသစ်များဖွင့်လှစ်၍ ငွေသား အပ်နှံထည့်သွင်း ခွင့်ပြုခဲ့ကြောင်း၊ ထိုစာရင်းအသစ်မှ ငွေသားပြန်လည်ထုတ်ယူ လိုပါက အပ်နှံငွေသားပမာဏ အတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ မေ ၃ ရက်နေ့မတိုင်မီ ဘဏ်များတွင်ငွေစာရင်းဖွင့်လှစ်ထားသူများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူလ ငွေထုတ်ကန့်သတ်ချက်များအတိုင်း ငွေသားများ ဆက်လက်ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ ငွေထုတ်ကန့်သတ်ချက်များကိုလည်း ဖြေလျော့ပေးသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ စီးပွားရေးကဏ္ဍတွင်အရေးကြီးသည့် ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဗဟိုဘဏ်အနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ်များအား ကွပ်ကဲ လျက်ရှိပြီး လက်ရှိအချိန်တွင် အများပြည်သူများ အထင်မှားနေသည့် ဘဏ်များ ဖျက်သိမ်း မည့်အစီအစဉ် လုံးဝမရှိကြောင်း၊ ဘဏ်များတွင်ဖွင့်လှစ်ထားသည့် ငွေစာရင်းများမှ ငွေများ မည့်သည့် အကြောင်းအရင်းနှင့်မျှ ဆုံးရှုံးသွားမည်မဟုတ်ကြောင်းနှင့် နိုင်ငံတော်၏ ဘဏ်စနစ်အား ယုံကြည်ပြီး ပြည်သူလူထုက ပူးပေါင်း ဆောင်ရွက်ပေးမည်ဆိုပါက ရင်ဆိုင် နေရသည့်အခက် အခဲများအား အချိန်တိုအတွင်းဖြေရှင်း ဆောင်ရွက်သွားနိုင်မည်ဖြစ် ကြောင်း နှင့် ဘဏ်လုပ်ငန်းဆိုင်ရာများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူး ကောင်းထက်စံက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည် ရှင်း လင်းဖြေကြားသည်။
အဆိုပါ Video Conferencing ဖြင့်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခဲ့ကြကြောင်း သတင်းရရှိ သည်။