တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၇ ဦးအား PDF အမည် ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုအား ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ် အရွယ် ၎င်း၏ သားဖြစ်သူ အပါအဝင် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၇ ဦးတို့အား ဇူလိုင် ၂၀ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ဇူလိုင် ၂၂ ရက်တွင်လည်း အဆိုပါ ကျောင်းသို့ စိုက်ပျိုးရေးပညာရပ်များ လာရောက်သင်ကြားပို့ချပေးနေသည့် လောင်းလုံ မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးအား PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ယခုကဲ့သို့ လက်နက်တစ်စုံတစ်ရာကိုင်ဆောင်ထားခြင်းမရှိသော အနာဂတ် လူငယ်၊ မောင်မယ်များအား ပညာသင်ကြားပေးနေသူများအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရက်စက်ယုတ်မာစွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီ ညွတ် ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။