ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂

Friday, July 21, 2023 - 19:30

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၁

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီး များကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန် ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည်  ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဆန်နှင့်ထောက်ပံ့ပစ္စည်းများဖြန့်ဝေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ အသိပညာ ပေးဟောပြောပွဲများ ဆောင်ရွက်ရေး၊ ခြင်ဆေးဖျန်းခြင်း၊ မိုးစပါး အချိန်မီ ထွန်ယက်စိုက်ပျိုး နိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ရွာမကျေးရွာအုပ်စု၊ ရွာမအမှိုက်ကွင်း နေရာသို့ သွားရောက်ပြီး ဘူးသီးတောင်- တောင်ဘဇာလမ်း ဘေး၌ ပိတ်ဆို့နေသော အမှိုက်များအား စက်ယန္တရားများ ဖြင့်ဖယ်ရှားရှင်းလင်း နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များမှာကြားသည်။

အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပျားလည်ချောင်းကျေးရွာရှိ စပါးစိုက် တောင်သူ တစ်ဦး၏ လယ်မြေ ၅ ဧကတွင် Gw -11 မျိုးစပါးများအား ကောက်စိုက် စက်များဖြင့် စိုက်ပျိုးနေမှုများကို သွားရာက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များမှာကြားသည်။

ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သော မော်တော်ယာဉ်ဂိတ်မှူးများ တွေဆုံပွဲသို့ တက်ရောက် အမှာစကား များပြောကြားပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ကစ္ဆပသီရိကားဝန်းအတွင်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အလားတူ မောင်တောမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ပြုလုပ်သော ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။