မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ဇူလိုင်လ -၂၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက် ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Vinay Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က နှစ်နိုင်ငံကုန်သွယ်ရေးတွင် အိန္ဒိယရူပီး/ မြန်မာကျပ်တို့နှင့် တိုက်ရိုက်ငွေပေး ချေရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ Punjub National Bank တွင် ဖွင့်လှစ်ထားရှိမည့် မြန်မာ ဘဏ်များ၏ အထူးဖွင့်လှစ်ထားရှိမည့် ငွေစာရင်းတွင် မည်သည့်နည်းလမ်းဖြင့်မဆို ရရှိသည့် အိန္ဒိယရူပီးအား ထည့်သွင်းခွင့်ပြုရန်၊ နှစ်ဦးနှစ်ဘက်သဘောတူညီချက် (Concept Notes)ပါ အချက် များအနက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် အိန္ဒိယနိုင်ငံရှိ ပြည်ပအလုပ်သမားများ၏ ပြန်လည်လွှဲပို့ငွေများကို အထူးဖွင့်လှစ်ထားရှိမည့်ငွေစာရင်းတွင် လက်ခံထည့်သွင်းရန်၊ မြန်မာ နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အကူပြုရန်နှင့် နည်းပညာအကူအညီပေးရန် စသည့်နှစ်ဦးနှစ်ဖက်သဘောတူညီမှုဆိုင်ရာ အချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပါသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။