ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၊ ဇူလိုင် ၂၁

Friday, July 21, 2023 - 19:15

ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

နေပြည်တော်၊ ဇူလိုင် ၂၁

          အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MV. MERCURY FORCE သင်္ဘောသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၊

Ooredoo Myanmar၊ သီရိလင်္ကာနိုင်ငံနှင့် ထိုင်းနိုင်ငံ (Siam Cement Group) တို့မှ ပေးပို့ သည့် သစ်ခွဲသား (၄၇၈.၅၁) တန်၊ သွပ် (၁၈၅၀)ချပ်၊  ဒေါင့်သံ (၈၉) တန်၊ တာပေါ်လင် (၃၀၀) ချပ်၊ Solar Lamp (၂၀၂၀) လုံး၊ ဆန်(၆)ပြည်ဝင် (၂၀၀၀) အိတ်၊ စားသုံးဆီ (၂၀၀၀) ဗူး၊ ငါးပိ (၂၁) အိတ်နှင့် အဝတ် အထည်များအပါအဝင်  စုစုပေါင်း ကူညီကယ်ဆယ်ရေးပစ္စည်း (၇၅၉.၂၄၃) တန် တင်ဆောင်၍ (၂၁-၇-၂၀၂၃)ရက်၊ (၁၆;၃၀)နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။