ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ထွက်ခွာ နေပြည်တော် ဇူလိုင် ၂၁

Friday, July 21, 2023 - 19:15

ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော် ဇူလိုင် ၂၁

              ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၇) ကြိမ်မြောက် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲအား လေ့လာရန် ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးတို့ သွားရောက်လေ့လာမည်ဖြစ်ပါသည်။

              ကမ္ဘောဒီးယားနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲကို ၂၃-၇-၂၀၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် ယနေ့မွန်းလွဲ ( ၁၂ : ၅၀ ) အချိန်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးအောင်စောဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများက လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

              အဆိုပါ ရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများအဖြစ် သွားရောက် လေ့လာခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲ ကျင်းပပုံလုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ် များကို လေ့လာသိရှိရမည် ဖြစ်ပြီး လေ့လာ‌ရေးခရီးစဉ်သည် (၂၁-၇-၂၀၂၃) ရက်နေ့မှ (၂၅-၇-၂၀၂၃) ရက်နေ့အထိ ကြာမြင့် မည်ဖြစ်ကြောင်း သတင်းရရှိသည်။