ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂

Friday, July 21, 2023 - 13:00

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည်  ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်း၌ ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ ထို့ပြင် အခြေခံပညာ မူလတန်း(ခွဲ)ကျောင်း၊ ကျောက်တင်ဆိပ်သို့ သွားရောက်၍ ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စပါးစိုက်တောင်သူများကို တွေ့ဆုံအမှာစကားပြောကြား ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ တောင်သူများအား ယူရီးယား ဓာတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်သည်။ ၎င်းနောက် အုန်းတောကျေးရွာ၊ ကွင်းအမှတ်(၄၇၇)၊ တောင်သူတစ်ဦး၏ လယ်မြေတွင် ကျင်းပပြုလုပ်သည့် မိုးစပါး စိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည်။

အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ဆန်နှင့် ဆီများပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။