ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁

Wednesday, July 19, 2023 - 19:45

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်းရာကုန်းကျေးရွာရှိ လယ်မြေ(၈၅)ဧက အတွင်း စုပေါင်းထွန်ယက်ပွဲနှင့် အကျိုးဆောင် တောင်သူများဖြင့် မျိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်း ဆောင်ရွက်ရန် ပျိုးထောင်ထားရှိသည့် ပျိုးခင်းများအား ယူရီးယား မြေဩဇာနှင့် စူပါဘိုကာရှိမြေဆွေးရောစပ်၍ စုပေါင်း ကြဲပက်နေမှုများကို လှည့် လည်ကြည့်ရှုအားပေးပြီး စူပါဘိုကာရှိမြေဆွေး လက်တွေ့ပြုလုပ်ပြသနေမှုကို ကြည့်ရှုအားပေးကာ တောင်သူများအား သဘာဝဓာတ်မြေဩဇာပြုလပ်ရာ၌ အသုံး ပြုသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်ထားသော အသင့်သုံး EM ဖျော်ရည် ဘူးများ ပေးအပ်၍ လိုအပ်သည်များ မှာကြားသည်။

အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ်သည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့တက်ရောက်၍ သံဃာတော်များအား ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အတူ စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သိန်းတန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မုန်တိုင်းလွန် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ၎င်းတို့၏တင်ပြချက်များအပေါ်လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပျားလည်ချောင်း ကျေးရွာ၌ ထောက်ပံ့ပေးအပ်ထားသော GW – 11 မျိုးစပါးများကို ကောက်စိုက် စက်များဖြင့် စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

အလားတူ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သော ခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု၊ ကွင်း အမှတ်(၉၆/ ဃ) ကညင်ချောင်းကွင်းရှိ တောင်သူ ၂၂ ဦး၏ မိုးစပါး ဆင်းသွယ်လတ် စိုက်ဧက ၂၅ ဧကတွင် စပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက် နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။