ဆူပူအကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် ပျက်စီးသွားခဲ့သည့် ပညာရေးဝန်ထမ်းများ၏ ဆိုင်ကယ်များအား အသစ်ပြန်လည်ထောက်ပံ့ပေးအပ် နေပြည်တော်၊ မေ - ၇

Friday, May 7, 2021 - 16:45

ဆူပူအကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် ပျက်စီးသွားခဲ့သည့် ပညာရေးဝန်ထမ်းများ၏ ဆိုင်ကယ်များအား အသစ်ပြန်လည်ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မေ - ၇

                    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရပ်ကွက်၊ ကျွဲတလင်းကျေးရွာအုပ်စု၊ မယ်ဇလီပင်ကျေးရွာရှိ အမှတ်(၃၀)အခြေခံပညာမူလတန်း ကျောင်းမှ ဆရာ၊ ဆရာမများ၏ မော်တော်ဆိုင်ကယ်များအား

မေ ၆ ရက် နံနက်ပိုင်းတွင် ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီးခဲ့သဖြင့် ဆိုင်ကယ်ပိုင်ရှင် ဆရာ၊ ဆရာမများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်ချုပ် စိုးအောင် နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ဆိုင်ကယ်အသစ် ၃ စီးကို ထောက်ပံ့ပေးအပ်ခဲ့သည်။

            မယ်ဇလီပင်ကျေးရွာရှိ အမှတ်(၃၀)အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာ မ ၁၀ ဦးသည် ကျောင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်နေစဉ် ဆူပူအကြမ်းဖက်သူများက ကျောင်းဝန်းအတွင်းဝင်ရောက်ကာ ဆရာ၊ ဆရာမများ၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် CDM လှုပ်ရှားမှုကိုအခြေခံပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဉပဒေစိုးမိုးမှုအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်မှုကို ဦးတည်စေသော ဆူပူဆန္ဒပြမှုများအား သွေးထိုးလှုံ့ဆော်လျက်ရှိသော ကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများမှ ဉပဒေနှင့်အညီ အရေးယူဖမ်းဆီးထိန်းသိမ်းလျက်ရှိကြောင်း သတင်းရရှိသည်။