ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသ အလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် သံတွဲမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် စိုးနိုင်ဦး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ငပလီမြို့ရှိ ပုလဲရတနာပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဣန္ဒာစာရအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဘုန်းတော်ကြီးကျောင်းနှင့် အဆိုပါကျောင်းရှိ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် ရေသန့်ကတ်များ ဆက်ကပ်လှူဒါန်းကာ ကျောင်း သား၊ ကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှု၍ အားပေးစကား ပြောကြားသည်။
အလားတူ ကျောက်တော်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်တော်ရပ်ကွက်၊ လူမှုဝန်ထမ်းရုံး အနောက်ဘက် ကမ်းနား၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ သတ်မှတ်နေရာများ တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။