၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီ များ၏ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိခြင်း ရှိ၊ မရှိ ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်၊ ဦးကိုကိုလွင်နှင့် ဦးသန်းအောင်ကျော်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပါသည်။
၂။ တွေ့ဆုံစဉ် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ် ပါတီဝင် အင်အား ပြည့်မီအောင် စည်းရုံးထားရှိရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများ သတ်မှတ် အရေအတွက်အတိုင်း ဖွင့်လှစ်ထားရှိရေး၊ ပါတီဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြား ချက်များနှင့် အညီ ရေးဆွဲဆောင်ရွက်ထားရှိရေး၊ ပါတီအလံနှင့်ဆိုင်းဘုတ်များ အသုံးပြုခြင်းကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သွားကြရန်နှင့် စည်းရုံးရေး ကာလ အတွင်း ပြည်သူများအနှောင့်အယှက်မဖြစ်စေရေး၊ သတိပြုအလေးထား ဆောင်ရွက် သွားကြရန်၊ လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်း ပိုမိုရရှိ လာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် လေ့ကျင့်ပြင်ဆင် တည်ဆောက်ထားကြရန်၊ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ရှင်းလင်း ပြောကြားခဲ့ပါသည်။
၃။ ၎င်းနောက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီဥက္ကဋ္ဌ ဒေါ်တင်တင်မာမှ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
၄။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အခြေစိုက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီသည် မလွန်ဆေးရိုးဝင်း၊ အောင်နန်းအနောက်ရပ်ကွက်၊ ၃၃ x ၃၄ ကြား၊ (၈၅) လမ်း၊ အမှတ် (၁၂) တွင် တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃၅/၂၀၂၃) ဖြင့် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိ ပါသည်။