၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Tuesday, July 11, 2023 - 16:45

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 

          စနစ်ဟောင်း နဝမတန်း/ Grade 10 အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိသော ကျောင်းသား ၊ ကျောင်းသူများ နှင့် စနစ်ဟောင်း ဒသမတန်း/ Grade 11 တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ အားလုံးသည် ၂၀၂၄ ခုနှစ် တွင် ကျင်းပမည့် စနစ်သစ် ဒွါဒသမတန်း/ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေ အနေဖြင့် ဖြေဆိုခွင့် ရှိကြောင်း ကြေညာအပ်ပါသည်။

 

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန