စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအား ယနေ့နံနက် ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ဒေသခံပြည်သူ ၁၅ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအတွင်းသို့ ယနေ့နံနက် ၄ နာရီ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့တောင်ဘက်မှ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ ရိုးသား စွာနေထိုင်လုပ်ကိုင်စားသောက်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ ၁၅ ဦး ဗုံးစ ထိမှန် သေဆုံးခဲ့ပြီး သံဃာတော် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများခံယူနိုင်ရန်အတွက် မုံရွာမြို့ရှိတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ရိုးသားစွာနေထိုင် လုပ်ကိုင်စားသောက်လျက်ရှိသည့် အပြစ်မဲ့အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းသို့ ယုတ်မာရက်စက်စွာ လက်လုပ်စိန်ပြောင်း များဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအားဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။