ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၃၇ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ပထမဝါဆိုလပြည့်ကျော် ၁ ရက်
( ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၃ ရက် )
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အထကကျောင်းရှေ့၊ ပြည်တော်သာရပ်ကွက်၊ စာတိုက်လမ်း၊ အမှတ် (၂၀၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာ လိုက်သည်။
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY)၏ မှတ်ပုံတင်အမှတ်မှာ ( ၃၂ ) ဖြစ်ပါသည်။
( ပုံ ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်