နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ် ကြူကြူလှ
၂၀၂၃ခုနှစ်မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ဇူလိုင် ၃
၂၀၂၃ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက များဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဉီး၏ဇနီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ ခုံရုံးဉက္ကဋ္ဌ၏ ဇနီး၊ ဉပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင် ရာ အမျိုးသမီးကော်မတီဉက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဉက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင် စီဉက္ကဋ္ဌနှင့် ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ဒုတိယဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဝန်ကြီးဌာန အသီးသီးမှ အကြီးအကဲများ၊ ဝန်ထမ်းများ၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ် နှင့် အမျိုးသမီး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားရာ သည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဉက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတုံ့ပြန်တားဆီး ကာကွယ် ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အမျိုးသမီးများအား နည်းမျိုး စုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) အပေါ် မြန်မာနိုင်ငံမှ ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီး အစီရင်ခံစာတင်သွင်းနိုင်ရေး အတွက် ဆောင်ရွက် လျက်ရှိရာ 2ndDraft အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း အာဆီယံဒေသတွင်း ဆောင်ရွက်ချက်များအဖြစ် ASEAN Ministerial Meeting on Women ကို ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ပြီး အာဆီယံအမျိုးသမီးကော်မတီ၊ အာဆီယံအမျိုးသမီး နှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကော်မရှင် အပါအဝင် အာဆီယံလူမှု ဝန်ထမ်း နှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးတို့တွင် ပါဝင်ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းစီမံချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိ ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂)ရေးဆွဲ ဆောင်ရွက် လျက်ရှိသည့် အခြေအနေနှင့် ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဆောင်ရွက်ထားရှိမှုများနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက် ချက်များ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip ကို ပြသရာ တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဆုများချီးမြှင့်ရာ မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက တပ်မတော် (ကြည်း) ထူးချွန်အမျိုးသမီးအရာရှိ ဒုတိယဗိုလ် သိမ့်နန္ဒာအောင်၊ တပ်မတော် (ရေ) ထူးချွန်အမျိုးသမီးအရာရှိ ဗိုလ် ခိုင်ခန့်ခန့်ကျော်၊ တပ်မတော် (လေ) ထူးချွန်အမျိုးသမီး အရာရှိ ဗိုလ် လဲ့ဝေအောင် တို့ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်သက်ဌေး က ထူးချွန်အမျိုးသမီးရဲမေ ရဲမှူး သူဇာလွင်နှင့် ထူးချွန်ကြက်ခြေနီ အမျိုး သမီး ဒေါ်ခိုင်မာဦး တို့ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က မသန် စွမ်းထူးချွန် အမျိုးသမီး မချောစုလှိုင်နှင့် အမျိုးသမီး အားကစားထူးချွန် အမျိုးသမီး မစန္ဒီဦး တို့ကိုလည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြ သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံး ရရှိသည့် ကျောင်းသူ မနန္ဒာကြည်ဖြူလင်း ကို ဆုပေးအပ်ချီးမြှင့်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ် ပုံရိုက်ကြပြီး အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ထုတ်ကုန် ပစ္စည်းများကို ကြည့်ရှုလေ့လာအားပေးကြသည်။