ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ (ဒုတိယအကြိမ်) ပို့ဆောင် နေပြည်တော်၊ ဇွန် - ၂၉

Thursday, June 29, 2023 - 17:15

                 ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သော မျိုးစပါးများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိသည်။

                 ထိုသို့စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေမှ ဝယ်ယူ ခဲ့သည့် GW-11 မျိုးစပါး ၁၄၄၂၅ တင်းကို တပ်မတော်မော်တော်ယာဉ် ၆၅ စီးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင် မျိုးစပါး ၃၀၀၀ တင်းကို တပ်မတော်မော်တော်ယာဉ် ၁၂ စီးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြနှင့် ဝါးခယ်မမြို့တို့မှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင် မျိုးစပါး ၁၃၀၆၇.၅ တင်းကို တပ်မတော်မော်တော်ယာဉ် ၆၃ စီးဖြင့်လည်းကောင်း တင်ဆောင်၍ ယနေ့တွင် ဒုတိယအကြိမ် သွားရောက်ပို့ဆောင်လျက်ရှိသည်။

                 အဆိုပါ စပါးမျိုးများကို မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များက ကူညီတင်ဆောင်ပေးကြရာ ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိသည့် မျိုးစပါးများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်တွင် လိုအပ်လျက် ရှိသည့် မျိုးစပါးများကို အချိန်မီရရှိရေး ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။