ကော့ကရိတ်မြို့အတွင်းသို့ KKO(ခွဲထွက်)အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်မှု ကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိ နေပြည်တော်၊ ဇွန် - ၂၉

Thursday, June 29, 2023 - 17:00

            ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များအား KKO(ခွဲထွက်)အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ဇွန် ၂၈ ရက် ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင်  KKO(ခွဲထွက်)အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက အရှေ့မြောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများ ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာသွားခဲ့ပြီး အဆိုပါ အကြမ်းဖက်သမား များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ အပြစ်မဲ့ ပြည်သူ အမျိုးသား ၁ ဦး‌သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိကာ မော်တော်ဆိုင်ကယ် ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

          အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့၊ ပုလဲဖြူနာရေးကူညီ မှုအသင်းမှ မော်တော်ယာဉ်ဖြင့် ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ခံယူစေလျက်ရှိသည်။

          ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင် ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။