ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် နေပြည်တော်၊ ဇွန် - ၂၈

Wednesday, June 28, 2023 - 16:30

တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။

          ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် မိုခါရန်ပုံငွေပဒေသာကပွဲနှင့် လေးပွင့် ဆိုင်ဘောလုံးပြိုင်ပွဲတို့မှ ရရှိသောငွေများကို ရခိုင်ပြည်နယ်ရှိ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဘေးသင့်ပြည်သူများထံ ကိုယ်တိုင်သွားရောက်လှူဒါန်းရန်အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင်များနှင့် အားကစားသမားဟောင်းများ ၆၄ ဦးအား လည်း ကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် ASEAN Coordinating Centre For Humanitarian Assistance on disaster management(AHA Centre)တို့မှလှူဒါန်းသည့် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင် များက လှူဒါန်းသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ၁၀.၃၀၉ တန်အားလည်း ကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ် များဖြင့် ပို့ဆောင်ပေးခဲ့သည်။

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင် ပေးလျက် ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၅၄၉.၉ တန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၅၂၁ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေး ပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေး ပို့ဖြန့်ဖြူးလျက်ရှိရာ တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်း သတင်းရရှိသည်။