နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရခိုင်ပြည်နယ်အတွင်းမိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသောဘုန်းတော်ကြီးကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက်အလှူငွေများပေးအပ်ပွဲသို့

Friday, June 16, 2023 - 16:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရခိုင်ပြည်နယ်အတွင်းမိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသောဘုန်းတော်ကြီးကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက်အလှူငွေများပေးအပ်ပွဲသို့တက်ရောက်

နေပြည်တော်၊ ဇွန်  ၁၆

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင်ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာ နန္ဒစေတီတော်လှိုဏ်ဂူအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဩဝါဒါစရိယ စစ်တေွ မြို့၊ နန္ဒရာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ နန္ဒသီရိ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် တက်ရောက်လာကြသူများက နန္ဒရာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

          ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူတော်ငွေကျပ် ၁၀၆၀ သိန်းအားပေးအပ်လှူဒန်းရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း က လက်ခံရယူသည်။

          ယင်းနောက် မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိ စာသင်တိုက် ပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ ဉာဏာဝံသ ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အနုမောဒနာတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

          ယနေ့လှူဒါန်းသည့် အလှူတော်ငွေကျပ် ၁၀၆၀ သိန်းကို မန္တလေးတိုင်းဒေသ ကြီး၊ ကျောက်ဆည်မြို့နယ်၊ ပေါင်းလောင်းလေးကျေးရွာ၊ ရွာဦးကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ဝိဇ္ဇောဘာသာလင်္ကာရာ ဘိဝံသ က အလှူငွေ ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့မှ ဦးဝေချင်းဟိုင်မိသားစု Hanley Group က အလှူတော်ငွေကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ဦးစည်သူဝင်းမိသားစု Guardian Academy Private School က အလှူတော်ငွေသိန်း ၄၀ ကိုလည်းကောင်း အသီးသီးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။