Thursday, June 8, 2023 - 14:45
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူး က အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၂၇၉ လုံးအတွက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တို့အား ပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။