မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံ၌လုံခြုံရေး ဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ဆူပူအကြမ်းဖက် သူများက အကြောင်းမဲ့ ဝင်ရောက် အကြမ်းဖက်ရန်ပြုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံရှေ့သို့ ဆူပူအကြမ်းဖက်သူအင်အား (၃၀)ဦးခန့်က ဓား၊ လေးခွ၊ ဂျင်ကလိများ ကိုင်ဆောင် ရောက်ရှိလာပြီး ဆူပူအော်ဟစ်ဆဲဆိုကာ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား အကြောင်းမဲ့ အနီးကပ်လုံးထွေးကာ ထိုးခုတ်ရန်ပြု တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ် ခဲ့ရာ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် ဆူပူအကြမ်းဖက်သူများသည် တောမကျေးရွာနှင့် စံပြ ကျေးရွာများဘက်သို့ အသီးသီးပြန် လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူများ၏ အကြောင်းမဲ့ အကြမ်းဖက် ရန်ပြုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွွဲ့ဝင် ၃ ဦးတို့တွင် ခန္ဓာကိုယ်နေရာ အနှံအပြား၌ ထိုးသွင်း/ ပြတ်ရှဒဏ်ရာများရရှိကာ ကျဆုံးခဲ့ရသည်။
အထက်ပါဖြစ်စဉ်များမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အသက်သေဆုံးစေသည်အထိ အကြောင်းမဲ့ အကြမ်းဖက်ရန်ပြုတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ဖမ်းဆီးရမိ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့စစ်ဆေးရှာဖွေမှုများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။