ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေ များအားကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် - ၇

Wednesday, June 7, 2023 - 15:45

          ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကန်ကြီးထောင့်မြို့၊ အပင်နှစ်ဆယ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၊ တကုန်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ပုသိမ်မြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ ပြုပြင်မွမ်းမံမှု လုပ် ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။

          အလားတူ  မြို့နယ်(၂၆)မြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများတွင် သက်ဆိုင်ရာ မြို့နယ်များအလိုက် နယ်မြေခံတပ်မတော် သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မြို့နယ်များအလိုက် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနေမှုများကိုကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။