ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်းခွဲအား  အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး နေပြည်တော်၊ မေ ၅

Wednesday, May 5, 2021 - 13:00

 

              ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၌  မေလ ၄ ရက်နေ့တွင် အခြေခံပညာ မူလတန်းကျောင်းခွဲအား  အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

             ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၂ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့ နယ်၊ ကွင်းကောက်မြို့၊ တောရှည်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းခွဲအား ဆူပူအကြမ်း ဖက်သူ(စိစစ်ဆဲ)က မီးရှို့ခဲ့သဖြင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဝါးတိုင်/ထရံကာ/သွပ်မိုး ၁ ထပ် ကျောင်းဆောင် ၁ ဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

             အထက်ပါဖြစ်စဉ်မှ မီးရှို့ခဲ့သူအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။