ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး Dorp Bomb များ ကြဲချမှုကြောင့် သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ယနေ့နံနက် ၅ နာရီခန့် တွင် KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့တောင်ဘက် မီတာ ၂၀၀ ခန့်အကွာ ရပ်ကွက်အတွင်းမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး Dorp Bomb များ ကြဲချခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ ဇေတဝန် ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့အတွင်းသို့ လက်နက်ကြီး/လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး Dorp Bomb များ ကြဲချခဲ့သည့် အကြမ်းဖက်သမား များအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။