ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာသို့သွားရောက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး စစ်မှုထမ်းဟောင်းအိမ်ရာဝန်းအတွင်း မုန်တိုင်းကြောင့် ပျက်စီး ခဲ့သည့် အိမ်ခန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကိုကြည့်ရှု၍ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်း နှီနှီးမေးမြန်း အားပေးစကားပြောကြားပြီး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုများအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ဆေး ဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကွပ်ကဲမှုအောက် အထူးဆေးကုသရေးအဖွဲ့က စစ်တွေ မြို့နယ်၊ သဲချောင်းကျေးရွာရှိ ဆိုင်ကလုန်း ရှပ်တာ၌ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လူနာ ၁ ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကိုရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြား ကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်(MLCA)နှင့် အလှူရှင်များမှ လှူဒါန်း သည့် ထမင်းဟင်းလျာဘူးများအား ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။ ထို့ပြင် စစ်တွေမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း အဆိုပါ ထမင်း ဟင်းလျာဘူးများကို တာဝန်ရှိသူများက အသီးသီးသွားရောက် ထောက်ပံ့ပေးအပ် လှူဒါန်းကြသည်။ ယင်းနောက် အဆိုပါ ထမင်းဟင်းလျာများကို ချက်ပြုတ်ပြင်ဆင် မှုများ ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် စစ်တွေ တပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။