နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူ များနှင့်အတူ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ကောလိပ်ကျောင်း များ၌ ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှု၍ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီး တောင်မြို့၊ ဒပြုချောင်းကျေးရွာအုပ်စု၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကျေးရွာအုပ်စု (၅) စုမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား ထောက်ပံ့ ဖြန့်ဝေနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဘူးသီးတောင်မြို့နယ်အတွင်းရှိကျောင်းများ စတင်ဖွင့်လှစ် သင်ကြား နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူ ရေးရာဦးစီးဌာန၏ ဂိုဒေါင်၌ ထောက်ပံ့ပစ္စည်းထုတ်ပေးနေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်သူဦး သည် တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး အိပ်ဆောင် နှင့် စာသင်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ မာန်အောင်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦး သည် တာဝန်ရှိသူများနှင့်အတူ မာန်အောင်မြို့ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။