နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ မေ - ၃၀

Tuesday, May 30, 2023 - 17:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြ အရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား  ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး‌ မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြ အရာရှိ ကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

မိမိတို့ တစ်ဦးချင်းစီ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက်မပြတ်သော ကြိုးစားအားထုတ်မှု ရှိရမည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အမှာစကားပြောကြားရာတွင် စစ်ဦးစီးတက္ကသိုလ်သည် လက်ရုံးရည်၊ နှလုံး ရည်ဖြင့်ပြည့်ဝသည့် အရာရှိကြီးများကို မွေးထုတ်ပေးလျက်ရှိပြီး သင်တန်းသားအရာရှိ ကြီးများအနေဖြင့် ယခုသင်တန်းအစ ကာလမှ သင်တန်းပြီးဆုံးသည်အထိ စဉ်ဆက် မပြတ်သော ကြိုးစားအားထုတ်မှုများဖြင့်  ဆောင်ရွက်ရန်လိုကြောင်း၊ လူသားတိုင်း သည် ငယ်စဉ်ကတည်းကပင် တစ်ဦးချင်းစီအလိုက် ရည်ရွယ်ချက်များနှင့် မျှော်မှန်း ချက်များ ကိုယ်စီရှိကြပြီး မိမိတို့၏ မျှော်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက် မပြတ် ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရည်မှန်းချက်များရှိမှ သာလျင် ကြိုးစားအားထုတ်မှုများလည်း ရှိလာမည်ဖြစ်ပြီး အောင်မြင်မှုများရရှိစေရေး မိမိကိုယ်ကိုမိမိ တည်ဆောက်လာနိုင်မည်ဖြစ်ကြောင်း။

တာဝန်ထမ်းဆောင်မှုများ၊ ကြိုးစားအားထုတ်မှုများနှင့် ပတ်သက်လာပါက                မိမိကိုယ်ကို မှတ်တမ်းတင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြစေလို

သင်တန်းသားအရာရှိကြီးများအားလုံးသည် တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင် နိုင်သည့် အရာရှိကြီးများဖြစ်ကြပြီး ကြီးလေးသည့်တာဝန်များကို ထမ်းဆောင်နေကြ သူများဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်း အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တပ်ရင်းတစ်ရင်းကို စီမံခန့်ခွဲမှုလုပ်ငန်း များကို စနစ်တကျလေ့လာ၍ဆောင်ရွက်ပါက တန်ဖိုးမဖြတ်နိုင်သည့် စီမံခန့်ခွဲမှု ဆိုင်ရာ အတွေ့အကြုံကောင်းများကို ရရှိနိုင်မည်ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း အသုံးချနိုင်မည်ဖြစ်ကြောင်း၊ တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့ချိန်၌ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ ယခုသင်တန်း တက်ရောက်ချိန်တွင် သင်ကြားပေးသည့် သင်ခန်းစာ များကို ချိန်ထိုးစဉ်းစားဆောင်ရွက်ပြီး သင်တန်းဆင်းပြီးပါက မိမိဦးဆောင်ရသည့် တပ်ရင်းတပ်ဖွဲ့များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်း စတင်သည်မှ ပြီးဆုံးသည့်အချိန်အထိ သင်ကြားပေးသည့် ဘာသာရပ်များကို မှန်မှန် ကန်ကန်ဖြင့် လေ့လာသင်ယူကြရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်မှုများ၊ ကြိုးစား အားထုတ်မှုများနှင့် ပတ်သက်၍ မိမိကိုယ်ကို မှတ်တမ်းတင်နိုင်သည်အထိ ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း။

မိမိကိုယ်ကို အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်းဆောင်ရွက်မှသာ လုပ်ငန်း ဆောင်ရွက်မှုများ အောင်မြင်နိုင်မည်

မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်မှုနှင့် ပတ်သက်၍ မိမိလက်အောက် အရာရှိ၊ စစ်သည်များ စည်းကမ်းစနစ်တကျဖြစ်စေရေး ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ မိမိတို့ ကိုယ်တိုင်လည်း စည်းကမ်းစနစ်တကျရှိစေရေး အသိတရားဖြင့် ထိန်းသိမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ရည်မှန်းချက်တာဝန်များ ကို ဆောင်ရွက်ရာတွင် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ ဆောင်ရွက်ကြမည် ဆိုပါက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

သင်တန်းတက်ရောက်ချိန်ကာလအတွင်း တပ်မတော်နှင့်ပတ်သက်သည့် ပညာ ရပ်များ၊ စစ်မြေပြင်စည်းမျဉ်းစည်းကမ်းများကို စနစ်တကျသင်ယူပြီး လက်တွေ့ ပြန်လည် အသုံးချနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာမှုအားကောင်းမှသာလျှင် တွေးခေါ်ကြံဆမှုများ ကောင်းမွန်မည်ဖြစ်ပြီး ဘဝတိုးတက်ရေးကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်သော လေ့လာမှုများဖြင့် ဘဝ တစ်လျှောက်လုံး ဆက်လက်အားထုတ်ကြိုးပမ်းသွားကြရန်လိုကြောင်းဖြင့် မှာကြား သည်။ 

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နည်းပြ အရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကလောတပ်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များ သို့သွားရောက်၍ တပ်တွင်းအရောင်းဆိုင်၌ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုစစ် ဆေးသည်။ ထို့ပြင် နယ်မြေခံတပ်အတွင်းရှိ နတ်ရေကန်ရေထွက် ရေကန်သဲနုန်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ရေကန် ဘောင်များ စနစ်တကျ ရှိစေရေး ပြန်လည်ပြုပြင်ရန်၊ မိုးမကျမီသဲနုန်းတူးဖော်ခြင်းအား အပြီးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်း သား အရာရှိကြီးများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။