ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းအား လက်နက်ကိုင်သောင်းကျန်းသူများက လာရောက်တိုက်ခိုက် နေပြည်တော်၊ မေ ၄

Tuesday, May 4, 2021 - 17:30

 

            ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းအား မေလ ၃ ရက်နေ့တွင် လက်နက်ကိုင် သောင်းကျန်းသူများကမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ မေလ ၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် မံစီမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းအား လက်နက်ကိုင်သောင်းကျန်းသူများက ရဲစခန်း၏ အရှေ့တောင်ဘက် ကိုက် ၅၀၀ ခန့်အကွာရှိ သစ်တောအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ရဲစခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် လက်နက်ကိုင် သောင်းကျန်းသူများ အရှေ့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။