စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့် တိုင်းပြည်၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် နေပြည်တော်၊ မေ - ၂၉

Monday, May 29, 2023 - 15:45

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့် တိုင်းပြည်၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်

နေပြည်တော်၊ မေ - ၂၉

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင် များအား ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးခွန်စံလွင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး က နယ်မြေဒေသဆိုင်ရာအခြေအနေများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက် ရှိမှု၊ ရင်းနှီးမြှုပ်နှံမှု ချေးငွေများထုတ်ချေးပေးထားမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ အာလူးအအေးခန်းစက်ရုံတည်ဆောက် ထားရှိမှု၊ ဆက်လက်တိုးချဲ့တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ သဘာဝ မြေဩဇာ ထုတ်လုပ်ရေးစက်ရုံတည်ဆောက်လျက်ရှိမှု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ပြည်တွင်းပြည်ပသို့ တင်ပို့ ရောင်းချနေမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ ဖွံဖြိုးတိုး တက်ရေးဆောင်ရွက်လျက်ရှိမှု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ရင်းနှီးမတည် ငွေများ ထုတ်ချေးပေးထားမှု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက ဆွေးနွေး တင်ပြကြရာတွင် ဟိုပုံးမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရန်နိုင်ဦး၊ နောင်ခမ်းကော်ဖီအစုအဖွဲ့လုပ်ငန်းရှင် ဒေါ်နန်းခမ်းနိုး၊ ရွှေအောင်မြေ ပင်မှည့် သီးနှံအစု အဖွဲ့လုပ်ငန်းရှင် ဦးအောင်ဌေးဦး၊ မြစိမ်းရောင် လက်ဖက်ခြောက်နှင့် လက်ဖက်ဝိုင် လုပ်ငန်းတာဝန်ခံ ဦးအောင်သူ၊ နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွား ရေးလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦး နှင့် လုပ်ငန်းရှင်များက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကော်ဖီစိုက်ဧက တိုးမြှင့်နိုင်ရေးနှင့် ကော်ဖီလုပ် ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်မှ ချေးငွေဆောင်ရွက်ပေးစေလိုမှု၊ အာလူးအအေးခန်းစက်ရုံထပ်မံတည်ဆောက်ရန်လိုအပ်လျက်ရှိမှု၊ သဘာဝဓာတ်မြေ ဩဇာများထုတ်လုပ်လျက်ရှိမှုနှင့် စက်ရုံတိုးချဲ့ဆောင်ရွက်လိုမှု၊ ဘိလပ်မြေထုတ်လုပ် မှုလုပ်ငန်းများတိုးတက်စေရေးအတွက် စက်ရုံတိုးချဲ့မှုများဆောင်ရွက်ရန် ရင်းနှီးမြှုပ် နှံမှုချေးငွေများ ထုတ်ချေးပေးစေလိုမှု၊ ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်လျက် ရှိသည့် လျှပ်စစ်မီးလိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

          ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက  ဝန်ကြီးဌာနအလိုက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ချေးငွေများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ထုတ် ချေးပေးထားပြီး ၎င်းချေးငွေများ ပြန်လည်ရရှိမှသာလျင် ရင်းနှီးမတည်ငွေများ ပြန် လည်ထုတ်ပေးနိုင်မည်ဖြစ်သဖြင့် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုအပ်မှု၊ လုပ်ငန်း များအတွက်ချေးငွေများ ရရှိလိုမှုနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလျှောက်ထားနိုင်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက် ရန်လိုအပ်မှု၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းအလိုက် အတိုးနှုန်း သက်သာသည့် ချေးငွေများ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ချေးငွေများ ရယူ ပြီးပါက လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း ပြန် လည်ပေးဆပ်သွားရန် လိုအပ်မှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝ မြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည် ဆောင်ရွက်ပေးလျက်ရှိမှု၊ မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအားစုများ ရရှိရေး အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ လက် အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ဟိုပုံးမြို့နယ် ၌ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်း ယခင်ကထက် တိုးတက်လာသည်ကို တွေ့ရှိရပြီး ကာကွယ်တောများ ဆက်လက်တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းရှိ မဲနယ်တောင်တန်းသည် ဒေသရေရရှိရေးနှင့် အဖိုးတန်သယံဇာတများ ထိန်းသိမ်းရေး တို့အတွက် အဖိုးတန်သည့် တောင်တန်းဧရိယာဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် ကောင်းများကို ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းသွားရန် လိုအပ်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားပေးဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများအတွက် လိုအပ် သည့် စက်မှုမှတ်ပုံတင်ခြင်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိမှုနှင့် အခြားလိုအပ်သည်များကိုဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တစ်ဦးချင်း လိုအပ်ချက်များ တင်ပြမှုအပေါ် အလေးထား မှတ်သား၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြော ကြား သည်။

ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ယနေ့ခေတ်သည် ပါတီစုံဒီမိုကရေစီ စီးပွားရေး စနစ်ဖြစ်ကြောင်း၊ မိမိတို့ဒေသ စီးပွားရေးတိုးတက်ရန်အတွက် မိမိတို့ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေး တိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ် မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၂ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြသူများဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ရန် စဉ်းစား ရမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ စီးပွားရေးကိုအခြေခံသည့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူအများအတွက် လိုအပ် သည့် ကုန်ပစ္စည်းများကိုထုတ်လုပ်နိုင်မှသာလျင် ဝင်ငွေများပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရန်အတွက် ပန်းတိုင်ရည်မှန်းချက်များ ချမှတ်ထားကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ ကုန် ထုတ်လုပ်မှုများတိုးတက်ခြင်းဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအားများမြင့်တက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးမတိုးတက်ရခြင်း၏ အကြောင်းရင်းမှာ လည်း ကုန်ထုတ်လုပ်မှုများ နည်းပါးနေခြင်းကြောင့်ပင်ဖြစ်ကြောင်း။

 ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်ရာတွင် မြေပေါ်၊ မြေအောက်နှင့် ရေအောက် ကုန်ကြမ်းများမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ မြေပေါ်ကုန်ကြမ်းများဖြစ်သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းသည် သေချာသည့် ကုန်ထုတ်လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ပအိုဝ်း ဒေသတွင် စပါးစိုက်ပျိုးရာ၌ တစ်ဧကချင်းအထွက်နှုန်းမှာ ၆၇ တင်းခန့်သာဖြစ်သည် ကိုတွေ့ရှိရကြောင်း၊ တစ်ဧကချင်း အထွက်နှုန်းကို ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ပိုမိုစိုက်ပျိုးနိုင်မည်ဆိုပါက ဒေသအတွက်များစွာအကျိုးရှိနိုင်မည်ဖြစ် ကြောင်း၊ အလားတူအခြားသီးနှံများကိုလည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း။

ထို့ကြောင့် ပအိုဝ်းဒေသ၌ တစ်ဧကချင်းအထွက်နှုန်းများတိုးတက်ရေး ဆောင် ရွက်ရာတွင် အထွက်နှုန်းကောင်းမွန်သည့်မျိုးများ အသုံးပြုခြင်း၊ မြေကို ကောင်းမွန် အောင်ပြုပြင်ခြင်းနှင့် မြေဩဇာများသုံးစွဲခြင်း၊ အောင်ရေများ ပြည့်ဝစွာရရှိအောင် ဆောင်ရွက်ခြင်းနှင့် နည်းစနစ်တကျစိုက်ပျိုးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကိုလည်း ထိရောက်စွာအသုံးချရန်လိုကြောင်း၊ ယာစိုက်ပျိုးမှုများ ကိုအားထားလွန်းပါက ရေများခမ်းခြောက်လာနိုင်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်လာနိုင်ကြောင်း၊ ကော်ဖီနှင့် လက်ဖက်များစိုက်ပျိုးထုတ်လုပ်ရာတွင်လည်း အထွက်နှုန်းများ နည်းပါးနေသေးသည် ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ယခုထက်တိုးတက် လာမည်ဖြစ်ကြောင်း။

ပအိုဝ်းဒေသအတွင်း၌ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေး ထွက်ကုန်များ ထွက်ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း မွေးမြူရေးအစားအစာ များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပြီး မွေးမြူရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်နိုင်ကြောင်း၊ မွေးမြူရေးစားသောက်ကုန်များ ဈေးနှုန်းမြင့်မားရ ခြင်းမှာ ရောင်းလိုအားနှင့် ဝယ်လိုအားမမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့် မားခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသအတွင်း မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ ထုတ်ကုန်များကို ပိုမိုဈေးနှုန်းသက်သာစွာ ဖြန့်ဖြူး နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ လိုအပ်သည့်ကုန်ကြမ်းများနှင့် ပတ်သက်၍ ပအိုဝ်းဒေသအတွင်း အများအပြားထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက် ပေးကြစေလိုကြောင်း။

စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ရေးအတွက် သွင်းအားစုများလိုအပ်ကြောင်း၊ လိုအပ်သည့် သဘာဝမြေဩဇာ များ ရရှိရေးအတွက် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ဇီဝမြေဩဇာများကို အသုံး ပြုနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီသုံးစွဲ၍ လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းထက် ရေအား လျှပ်စစ်ကိုထုတ်ယူသုံးစွဲကြစေလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး  အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိမှသာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင်လည်း လျှပ်စစ်ဓာတ်အားအသုံးပြု၍ ဆောင်ရွက်နိုင်ကြောင်း၊ ထို့ ကြောင့် ပအိုဝ်းဒေသတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

သွင်းအားစုတွင်ပါဝင်သည့် တမာပိုးသတ်ဆေးထုတ်လုပ်နိုင်ရေးအတွက်လည်း နိုင်ငံတော်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန်လိုအပ် သည့် အရင်းအနှီးများကိုလည်း သတ်မှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ စည်းကမ်းဥပဒေများနှင့်အညီ နိုင်ငံတော်မှထုတ်ချေးပေးလျက်ရှိ ကြောင်း၊ တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုချေးငွေ များကို ဦးစားပေး ထုတ်ပေးလျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင် ရွက်ရာတွင် ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်း အရည်အသွေး ပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း။

ပညာရေး အားပေးဆောင်ရွက်

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ် ကောင်းများလိုအပ်ကြောင်း၊ ပညာသင်နှစ်အလိုက် ပညာသင်ကြားသည့် ကျောင်းသား ဦးရေများ နည်းပါးလာသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးနှင့် ပတ်သက်၍ အားနည်းမှုများရှိနေသေးကြောင်း၊ အတန်းပညာအားနည်းခြင်းကြောင့် အတတ်ပညာများအားနည်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် အခက်အခဲများရှိကြောင်း၊ ယခုအခါ ခရိုင် ၅၀ ရှိအထက်တန်းကျောင်း ၅၁ ကျောင်းတွင် စက်မှု၊ စိုက်ပျိုးမွေးမြူရေး သင်တန်းများကို သင်ကြားနိုင်ရေး ဖွင့်လှစ်လျှက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ပညာရပ်များ အလိုက်အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လူသားအရင်းအမြစ်များ ကြွယ်ဝ လာမည်ဖြစ်သဖြင့် ပညာရည်တိုးတက်စေရေး ဒေသအလိုက် ဝိုင်းဝန်ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ ပအိုဝ်းဒေသတိုးတက်ရေးအတွက် ပညာရေးကို အားပေးကြစေ လိုကြောင်း၊

 MSME လုပ်ငန်းများကိုအားပေးဆောင်ရွက်ခြင်းမှာ ကုန်ထုတ်လုပ်မှုများ တိုးတက်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့နိုင်ရေး ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတွင်း၌ ထုတ်ကုန်များ ပြည့်မီအောင်ထုတ် လုပ်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများကိုအောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည့် မြေများပေါများစွာရှိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး အထွက်ကောင်းအောင် ဆောင် ရွက်ကြစေလိုကြောင်း။

ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍လည်း ပအိုဝ်းဒေသသည် အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသသို့ လာရောက် လည်ပတ်သူများ များပြားလာစေရေး ဒေသ၏ သန့်ရှင်းသာယာလှပရေး၊ မျက်စိပသာဒ ဖြစ်စေရေးတို့ အတွက် ဒေသခံများက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊

မိမိတို့အနေဖြင့် ပအိုဝ်းဒေသတွင် လုပ်ဆောင်လျက်ရှိသည့် msme လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအားဖြင့် အလုပ်လုပ်ရန်ဖြစ်ကြောင်း၊ အလုပ်လုပ်ရန်အတွက် လူသာလျှင် ပဓာနဖြစ်ကြောင်း၊ ထို့ကြောင့် ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအတွင်း နေထိုင်ကြသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြော ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီ အလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်း ဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ သည်။

ယနေ့ နေ့လယ်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟိုပုံးမြို့ရှိ ဟိုပုံးရေထွက်ကြီးသို့ ရောက်ရှိကြ ပြီး ရေထွက်ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေကန်အတွင်းနှင့် ရေကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရေကန်ပတ်ဝန်းကျင်တွင် အမှိုက် များ စွန့်ပစ်မှု မရှိစေရေး ဒေသခံပြည်သူများကို ပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ရေကန်ဘောင် အား အကာအရံများတပ်ဆင်ရန်နှင့် ရေကန်ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များကို ရှင်းလင်းထားရန်လိုကြောင်း၊ ရေကန်သို့ လာရောက်ရေအသုံးပြုသူများ အဆင် ပြေစေ ရေး ရေချိုးရန်နေရာ သီးသန့်သတ်မှတ်ပေးရန်နှင့် ရေကန်ပတ်ဝန်းကျင်တွင် ပြည်သူ များ လာရောက်အပန်းဖြေအနားယူနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် မှာကြား ကာ ရေကန်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် မေ ၂၈ ရက်ညနေပိုင်းကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာစေတီတော်နှင့် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတို့သို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။

ယင်းနောက် အလှူငွေများပေးအပ်လှူဒါန်းပြီး စေတီတော်ကြီးများအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညို၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စေတီတော်ကြီး များအား ရေရှည်တည်တံ့ခိုင်မြဲပြီး ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက် ရန်အတွက် လိုအပ်သည်များကိုမှာကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးများရှိ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။